Sunday, November 1, 2009

ခိုင် ဖန်ဆင်းထားတဲ့ နက္ခရဲ့နိဒါန်း

Reply

|
htun htun
to မြင့်သီရီခိုင်.

show details 4:33 PM (15 hours ago)

နားထောင်ကြည့်လိုက်
ဧဒင်ဥယျာဉ်ထဲက ပထမဦးဆုံးပွင့်တဲ့ပန်းတပွင့်လို
ကိုယ့် ရဲ့ရင်ခုန်သံတွေ ကမ္ဘာဦးဆီပျံသန်း
ခိုင် နဲ့တွေ့နေကျ online ပေါ်မှာ
နှလုံးသားရဲ့ အပြုံးတွေကိုမုဒ်ဦးလိုတည်ဆောက်
ခိုင့် ရှေ့လည်းရောက်ရော
ခင်းကျင်းထားသမျှစကားလုံး ကမ်းခြေတခုလုံး
နှုတ်ဆိတ်ခြင်းပင်လယ်မှာနစ်မြုပ်
သစ်ပုတ်ပင်မှာ ရေးမယ့်မှတ်တမ်း
ဥသြငှက်တကောင်လို တေးသွားစမ်းနေတယ်....

No comments:

Post a Comment