Thursday, November 26, 2009

“လမ်းခွဲ”
ကိုယ် အော်ခေါ်ကြည့်တယ်
မင်း ပြန်မထူးဘူး
ကိုယ် တောင်းပန်ကြည့်တယ်
မင်း ပြန်မလာဘူး
ကိုယ့် ရင်ဘတ်ထဲမှာ
မာနတွေဖန်ဆင်းပြီး
တိတ်တိတ်ကလေး မင်း ထွက်သွားတယ်……….
“နားမလည်နိုင်”
ကိုယ် ဟာဘဝသမား
အရာရာမှာချွေတာ
နေရာတကာမှာစေ့စပ်
မထင်မှတ်တဲ့အချိန်မှာ
မင်း နဲ့တွေ့တော့မှ
ကိုယ့် အချစ်တွေကို
အထိန်းအကွပ်မဲ့ ပုံအောပြီးချစ်ခဲ့မိတာ
နားမလည်နိုင်တော့ပါ ချစ်သူ ရယ်……

No comments:

Post a Comment