Sunday, November 1, 2009

ဒူးရင်းသီးစားကြသူများ

ဒူးရင်းသီးဝယ်တဲ့သူတွေကို
ကျွန်တော် အရမ်းလေးစားတယ်
ဘာဖြစ်လို့လဲဆိုတော့
သူတို့က နံပါတ် (၁)
အရောင်ကိုကြည့်သတဲ့
အခွံရဲ့အရောင်ဟာ
စိမ်းဖန့်ဖန့်ဖြစ်နေရင် ဒါဟာမမှည့်သေးဘူး
နံပါတ် (၂)
ဆူးအစိပ်အကျဲကို ကြည့်သတဲ့
အရောင်ကလည်း ရွှေအိုရောင်လေး သမ်းနေမယ်
ဆူးချွန်တွေကလည်း
ထိုးထိုးထောင်ထောင်နဲ့ ကျဲကျဲကားကားလေး
ဖြစ်နေမယ်ဆိုရင် ဒါဟာမှည့်တဲ့ဒူးရင်းသီး
အထဲမှာလည်း အမွှာတွေကလည်း
ကြီးမားဖို့အလားအလာကောင်းတယ်
ဒူးရင်းသီးဝယ်တဲ့သူတွေ လိုမျိုး
လူတွေကိုလည်း အပြင်ဘန်းကကြည့်ပြီး
အတွင်းစိတ်ကို နားလည်ခံစားပေးနိုင်ရင်
သိပ်ကောင်းမှာပဲလို့
ကျွန်တော် တွေးမိပါသည်။

ဆရာ မောင်လှမျိုး(ချင်းချောင်းခြံ) ၏ ဒေါက်တာနတ်အိုးကွဲ နှင့် စိတ်၏အပိုင်းအစများ စာအုပ်မှ
ကျွန်တော် နှစ်သက်မိသော စာကလေးဖြစ်ပါသည်။

No comments:

Post a Comment